Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်တောင်ပိုင်း/အ‌ရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


29 Mar,2024

တောင်ကြီး မတ် ၂၉

          ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သမဝါယမအသင်းစုချုပ်ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိ ရှမ်းပြည်နယ်တောင်ပိုင်း/အ‌ရှေ့ပိုင်းသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ  ဒေါ်သန်းညိုက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြဆွေးနွေးပြီး ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အမှာစကား ပြောကြားခဲ့သည်။

          ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်၏ အမှုဆောင် အဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းများ၊ အမြတ်ခွဲဝေစာရင်းများ ရှင်းလင်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာ တင်သွင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် အသင်းအမှုဆောင် များ၊ ဦးစီးကော်မတီဝင်များ၊ အသင်းဝင်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm